Open History Project Meikhtila
Online Exhibition
လူထုအမှတ်သညာပွဲတော်၊ မိတ္ထီလာမြို့
အွန်လိုင်းပြပွဲ
5 – 9 December, 2020
Introduction to Open History Project
လူထုအမှတ်သညာပွဲတော်မိတ်ဆက်
လူထုအမှတ်သညာပွဲတော်( မိတ္ထီလာမြို့) ကို ပွဲတော် (၂) ခုအနေနဲ့ ၂၀၂၀ ခုနှစ်တွင်ကျင်းပခဲ့ပါသည်။
– ပထမပွဲတော်အနေနဲ့ (အညာမြေရိုးရာမုန့်ပွဲတော် – A Festival for Anya Snacks) ကို
Facebook Page –
တို့တွင်ဖော်ပြထားပါသည်။
– ဒုတိယပွဲတော်အနေနဲ့ (လူထုအမှတ်သညာပွဲတော်၊ မိတ္ထီလာမြို့- Open History Project Meikhtila City) ကို အပိုင်း(၆) ဖြင့် တင်ဆက်ထားပါသည်။
၁။ ရှေးဟောင်းဓာတ်ပုံများနှင့် လူထုအမှတ်သညာပွဲတော် Old Photos and Open History Project
၂။ ကဗျာပွဲတော်
၃။ ဖိုးရာဇာစကား၀ိုင်း
၄။ မှတ်တမ်းဓာတ်ပုံများ
၅။ မှတ်တမ်း ရုပ်ရှင်များ
၆။ Feature
A Festival for Anya Snacks
Open History Project Meikhtila City
အညာမြေရိုးရာမုန့်ပွဲတော်
လူထုအမှတ်သညာပွဲတော်၊ မိတ္ထီလာမြို့

ဂုဏ်ယူစရာ အညာမြေရိုးရာမုန့်ပွဲတော်ကို အွန်လိုင်းပွဲတော်အဖြစ် စူးစမ်းမေးမြန်းမှတ်တမ်းတင်ပြီး တင်ဆက်လိုက်ပါတယ်။ ရိုးရာမုန့်တွေဆိုတာ ယဥ်ကျေးမှုရဲ့ ဝိသေသတစ်ခုလည်းဖြစ်ပါတယ်။ ဒီပွဲတော်ကို လူထုအမှတ်သညာပွဲတော်ရဲ့ ပဏာမပွဲတော်အဖြစ်ကျင်းပတာဖြစ်ပါတယ်။ မိတ္ထီလာကန်ဘောင်ပေါ်မှာ တခမ်းတနားလုပ်ဖို့ရည်ရွယ်ထားပေမယ့် ကိုဗစ်အခြေအနေကြောင့် အွန်လိုင်းပြပွဲအဖြစ်ကျင်းပရခြင်း ဖြစ်ပါတယ်။ မိတ္ထီလာမြို့ရဲ့ ဓာတ်ပုံအဟောင်းတွေကို ခင်းကျင်းပြသမယ့် လူထုအမှတ်သညာပွဲတော်ကိုလည်း စောင့်စားရင်း အညာမြေရိုးရာမြေမုန့်ပွဲတော်ကိုလည်း ဝိုင်းဝန်းအားပေးကြမယ်လို့ မျှော်လင့်ပါတယ်။ အောက်ပြည်အောက်ရွာက မုန့်ပွဲတော်လည်း စီစဥ်နေပါတယ်။Like & Follow လုပ်ထားကြပါ။

မိတ္ထီလာမြို့၊ လူထုအမှတ်သညာပွဲတော်ကျင်းပဖို့ ၂၀၂၀၊ ဖေဖော်ဝါရီလလောက်ကတည်းကစပြီး ပြင်ဆင်ခဲ့ပါတယ်။ လူထုအမှတ်သညာပွဲတော်ဟာ ဓာတ်ပုံအဟောင်းတွေကိုစုဆောင်းပြီး မြို့တစ်မြို့ရဲ့သမိုင်းကို ခင်းကျင်းပြသတာဖြစ်ပါတယ်။ မိတ္ထီလာမြို့ ခံတွေရဲ့ မိသားစုတွေမှာ စုဆောင်းထားတဲ့ဓာတ်ပုံတွေကို ခွင့်တောင်း၊ ကူးယူပြီး လူထုကြားမှာရှိတဲ့သမိုင်းကို ထင်ဟပ်စေဖို့ဖြစ်ပါတယ်။ ဒီလိုစုဆောင်းတဲ့အခါမှာ မိတ္ထီလာမြို့ခံတွေဖြစ်တဲ့ ကိုထိန်မင်းခိုင် ၊ မ၀င်းမာဦး တို့နှင့်အတူ ကဗျာဆရာ မောင်သာလင်းတို့က ဦးဆောင်ပြီး တစ်အိမ်တက်ဆင်းစုဆောင်းခဲ့ပါတယ်။ ဓာတ်ပုံပေါင်း ၁၀၀၀ ကျော်ထဲက သင့်တော်တဲ့ ဓာတ်ပုံတွေရွေးချယ်ပြီး ပြသတာဖြစ်ပါတယ်။ ကိုဗစ်ရောဂါပိုးကူးစက်မှုအခြေအနေကြောင့် အထင်ကရနေရာကြီးတွေမှာ ခင်းကျင်းမပြသနိုင်ဘဲ အွန်လိုင်းပွဲပဲကျင်းပရပါတယ်။ ဒီပြပွဲမှာ ရိုးရာမုန့်ပွဲတော်၊ ဓာတ်ပုံနဲ့မှတ်တမ်းရုပ်ရှင်ပြိုင်ပွဲ၊ ကဗျာမြို့တော် ကဗျာရွတ်ဖတ်ပွဲများနဲ့ ဓာတ်ပုံအဟောင်းရှင်းလင်းပြသပွဲတို့ ပါဝင်ပါတယ်။ ပြသမယ့် အကြောင်းအရာတွေကို ဗွီဒီယိုအခုတစ်ရာကျော် ရိုက်ကူးပြသခြင်းဖြစ်တဲ့အတွက် ဗဟုသုတမြတ်နိုးသူများနဲ့ လူမှုသမိုင်းစိတ်ဝင်စားသူတွေ အားပေးကြည့်ရှုဖို့ဖိတ်ခေါ်ပါတယ်။
A Festival for Anya Snacks
အညာမြေရိုးရာမုန့်ပွဲတော်
Old Photos and Open History Project
ရှေးဟောင်းဓာတ်ပုံများနှင့် လူထုအမှတ်သညာပွဲတော်
ကဗျာပွဲတော်
ဖိုးရာဇာစကား၀ိုင်း
Meiktila မိတ္ထီလာမြို့
မိတ္ထီလာမြို့သည် မြန်မာပြည်အလယ်ပိုင်း လမ်းပန်းဆက်သွယ်ရေးအချက်အချာကျသော မြို့ဖြစ်သည်။ ဒုတိယကမ္ဘာစစ်ကတည်းက မြန်မာပြည်အတွက် စစ်ရေးအရ အဓိကကျသော မြို့လည်းဖြစ်ပါသည်။ မြန်မာပြည်အထက်ပိုင်းနှင့် ရှမ်းပြည်နယ်တို့ကို အောက်မြန်မာပြည်နှင့် ကုန်းလမ်းအရ ဆက်သွယ်ပေးသော မြို့လည်းဖြစ်သည်။ ရှမ်း၊ မြန်မာတိုင်းရင်သားများနှင့် အိန္ဒိယ၊ တရုတ်လူမျိုးများ ရောနှောနေထိုင်ကြ၍ ဒဏ္ဍာရီများတွင် နာမည်ကျော်သော မိတ္ထီလာကန်တော်လည်း ရှိပါသည်။ မိတ္ထီလာမြို့၊ လူထုအမှတ်သညာပွဲတော်ကို ၂၀၂၀ တွင်ကျင်းပရန် စီစဥ်ထားပါသည်။
သမိုင်းကို ထင်ဟပ်စေသောလူမှုမှတ်တမ်းဓာတ်ပုံများ





















